တိုက်စစ်မှူး ဒါဝင်နူနက်ဇ်ရဲ့ ကြိုးစားမှုအပေါ် အားမရတဲ့အတွက် မန်စီးတီးအသင်းနဲ့ပွဲမှာ အရန်ခုံ ပို့ထားခဲ့တာ ဖြစ်တယ်လို့ လီဗာပူးနည်းပြ စလော့က ရှင်းပြသွားခဲ့ပါတယ်။ ဗီလာအသင်းနဲ့ ၂ ဂိုးစီသရေကျတဲ့ပွဲမှာ သေချာ ပေါက်ဂိုးရမယ့် အခွင့်အရေးကို လွဲချော်ခဲ့တဲ့ နူနက်ဇ်ရဲ့ အပြုအမူအပေါ် ဝေဖန်မှုတွေ ရှိလာခဲ့သလို နည်းပြ စလော့ ကိုယ်တိုင်လည်း မပျော်မရွှင် ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း အသင်းအတွက် ကစားပေးခဲ့တဲ့ နောက်ဆုံး ၂ ပွဲက နူနက်ဇ်ရဲ့ စွမ်းဆောင်ရည်အပေါ် စိတ်တိုင်း မကျဘူးလို့ စလော့ဘက်က ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ အခွင့်အရေး တွေ ဆက်တိုက်လွဲချော်ခဲ့တယ်ဆိုတာက အပြည့်အဝ အားမထုတ်တဲ့သဘောဖြစ်သလို အသင်းအတွက် အပြည့် အဝ မပေးဆပ်ချင်တဲ့ ကစားသမားကို လက်မခံနိုင်ပါဘူးလို့လည်း စလော့က ပြောသွားခဲ့ပါသည်။



