နိုင်ငံတော်ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်တော့မှာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဖို့အတွက် အရေးပါတဲ့ ဝါရှင်တန် အလည်အပတ်ခရီးစဉ်မတိုင်ခင် ဗြိတိန်၀န်ကြီးချုပ်ကီယာစတာမာက ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဗြိတိန်ကာကွယ်ရေးအသုံးစရိတ်ကို လာမယ့် ၂၀၂၉ ခုနှစ် နောက်ပိုင်း ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာဖြစ်သလို ဥရောပလုံခြုံရေးကို မြှင့်တင်ဖို့အတွက် ကြိုးပမ်းအား ထုတ်မှုတွေကိုလည်း အရှိန်မြှင့်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အတ္တလန်တိတ်ရဲ့တစ်ဖက် ဒါမှမဟုတ် အခြား တစ်ဖက်ကြားက ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ အတွင်းမှာ မှားယွင်းတဲ့ ရွေးချယ်မှုမှန်သမျှကို ကျွန်တော်တို့ ငြင်းပယ်ရပါမယ်။ မှားယွင်းတဲ့ ရွေးချယ်မှုတွေက တိုင်းပြည်နဲ့အဖွဲ့အစည်းကို ဆန့်ကျင်နေပြီး ကျွန်တော့်တို့ရဲ့ သမိုင်းကြောင်းလည်းဖြစ်ပါတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။



