ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ကိုးလ်ပါလ်မာ အနေနဲ့ အလုပ်ဆက်လုပ်ပြီး ရယ်မောနေမယ်ဆိုရင် သူ့ရဲ့သွင်းဂိုးတွေ ပြန်ရောက်ရှိလာမယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။ မာရက်စ်ကာက “ကိုးလ်ပါလ်မာအနေနဲ့ အလုပ်ဆက်လုပ်ရမယ်၊ ဆက်ပြီးလည်း ပျော်ရွှင်ရမယ်၊ ပြီးရင် သူလုပ်တဲ့ ပုံစံအတိုင်း ဆက်ပြီးရယ်မောနေရမှာပါ။ ဂိုးသွင်းဖို့ ရုန်းကန်နေရတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းရတာက ပုံမှန်ဖြစ်ပြီး ဒါကအရေးမကြီးပါဘူး။ ကိုးလ်ပါလ်မာအနေနဲ့ ဆက်ပြီးသွားနေမယ်ဆိုရင် ဂိုးတွေအများကြီး သွင်းယူနိုင်ပါလိမ့်မယ်”လို့ BBC Match of the Day ကိုပြောခဲ့တာပါ။



