ကြွက်ဘေးကျရောက်သဖြင့် စားနပ်ရိက္ခာရှားပါးနေသည့် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်အတွင်းရှိ ကျိုင်းတုံ၊ မိုင်းပျဉ်းမြို့နယ် ၊ တောင်ပေါ်ဒေသများ၌ ဒေသခံများအနေဖြင့် ဆေးကုသစရိတ်မရှိသည့် အခြေအနေနှင့်ရင်ဆိုင်နေရသည့်အပြင် လွဲမှားသောကျန်းမာရေးအသိများကို ဆုတ်ကိုင်ဖြေရှင်းနေကြသည်။“ကလေးအများစုကမျက်ကြည်လွှာထိခိုက်သွားရင်တော့ကုမရတော့ဘူး၊ အတွင်းတိမ်ဖြစ်နေတဲ့ အဖိုးအဖွားတွေများတယ်၊ ကျိုင်းတုံဆေးရုံမှာကုရင်တော့ ကျွန်မကူညီပေးပါတယ်”ဟု ဒေါက်တာနန်းမာလာဝမ်းက ပြောသည်။ “ဆင်းရဲကြပ်တည်းတဲ့လူနာများအတွက် ဆေးကုသမှုစားရိတ်ဆိုတာ တကယ်မလွယ်ဘူး၊ ငွေမရှိလို့ဆေးမကုနိုင်ပဲ အိမ်မှာသေရတဲ့ လူနာတွေလည်း အများကြီး"ဟု ပြောသည်။



