ဒါ့အပြင် ဗုဒ္ဓပူဇနိယပွဲတော်မှာ ရပ်ဝေးရပ်နီးက လာရောက်ရောင်းချကြတဲ့ ဈေးတန်းကြီးနဲ့အတူ အားကစားပြိုင်ပွဲ တွေ၊ တိုင်းရင်းသားရိုးရာအကတွေ၊ ရိုးရာဇာတ်သဘင်တွေနဲ့ ဖျော်ဖြေတာတွေအပြင် ဓနုတိုင်းရင်းသားတွေ ဆုံစည်းရာနေ့ အခမ်းအနားကိုလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။



