back

လိုင်ဇာ အနီးကဂျဲယန် တွင် ပျောက်သွားတဲ့ ကလေးသုံးယောက် အသတ်ခံခဲ့ရပြီး ကျူးလွန်သူအမျိုးသားကို ဖမ်းမိထားခဲ့

Feb 26 • 5:30 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လိုင်ဇာ အနီးကဂျဲယန် တွင် ပျောက်သွားတဲ့ ကလေးသုံးယောက် အသတ်ခံခဲ့ရပြီး ကျူးလွန်သူအမျိုးသားကို ဖမ်းမိထားခဲ့

လိုင်ဇာ အနီးက ဂျဲယန် တွင်ပျောက်ဆုံးသွားတဲ့ ကလေး ၃ ယောက် သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ "ပျောက်သွားတဲ့ ကလေး သုံးယောက် စလုံးပြန်တွေ့ပြီ။ တယောက်ကို သစ်...

လိုင်ဇာ အနီးက ဂျဲယန် တွင်ပျောက်ဆုံးသွားတဲ့ ကလေး ၃ ယောက် သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ "ပျောက်သွားတဲ့ ကလေး သုံးယောက် စလုံးပြန်တွေ့ပြီ။ တယောက်ကို သစ်ပင်ပေါ် ကြိုးနဲ့ ဆွဲပြီး သတ်ထားတာ။နှစ်ယောက်ကိုတော့ ကျောက်တုံးကို ကြိုးနဲ့ ချည်ပြီး ချောင်းထဲ နှစ် ထားတာလို့ ပြောတယ်။ တစ်ယောက်က ဒီ မနက်မှ တွေ့တာ" လို့ ဒေသခံ တယောက် က ပြောပါတယ်။ သတ်ဖြတ်ခံရတဲ့ ကလေးမလေးေတွက အသက် ၁၀ နှစ် အရွယ် မနန်းဇိန်းဂျီးဆန်မိုင်၊ မလထော်ရွယ်ဂျီ နဲ့ ၁၁ နှစ်အရွယ် မဖော်ယမ်ဆွတ်ဆိုင်းအိန် တို့ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်က သူတို့ရဲ့ ကျောင်းဆရာမဆီ သွားခဲ့ပြီး အပြန်လမ်းမှာ ဖမ်းဆီး ပြန်ပြေးဆွဲ ခံခဲ့ရတာဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်သူကို မနေ့ညက ထွက်ပြေးဖို့ ကြိုးစား နေချိန် ဒွမ်ဘုတ် နယ်စပ်ဂိတ်မှာ ဖမ်းမိတယ်လို့သိရပါတယ်။ဖမ်းဆီးရမိထားတဲ့ တရားခံက အသက် ၂၅ နှစ် အရွယ် အမျိုးသား တစ်ယောက် ဖြစ်ပြီး အရင်ကလည်း ပြစ်မှုကျူးလွန် ခဲ့ဖူးတာတွေရှိပြီး သေဒဏ် ကနေ လွတ်ငြိမ်းခွင့် ရလာသူ ဖြစ်ပါတယ်။



news-view-count-icon

26