back

ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ကျိုင်းတုံက တောင်ပေါ်ရွာ ၄၀ ခန့်မှာ စပါးစိုက်မရလို့ စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး အာဟာရပြတ်လပ်၍ ရောဂါပေါင်းစုံဝင်လာနိုင်မှုစိုးရိမ်နေ

Feb 26 • 4:35 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ကျိုင်းတုံက တောင်ပေါ်ရွာ ၄၀ ခန့်မှာ စပါးစိုက်မရလို့ စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာပြီး အာဟာရပြတ်လပ်၍ ရောဂါပေါင်းစုံဝင်လာနိုင်မှုစိုးရိမ်နေ

ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ကျိုင်းတုံမြို့က တောင်ပေါ်ရွာ၄၀ခန့်မှာသဘာဝဘေးနဲ့ကြွက်တွေကြောင့် စပါးစိုက်မရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာတယ်လို့ ဒ...

ရှမ်းပြည်နယ်(အရှေ့ ပိုင်း)၊ကျိုင်းတုံမြို့က တောင်ပေါ်ရွာ၄၀ခန့်မှာသဘာဝဘေးနဲ့ကြွက်တွေကြောင့် စပါးစိုက်မရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှု ပိုမိုဆိုးရွားလာတယ်လို့ ဒေသခံတွေက ပြောပြီး လက်ရှိမှာ တောင်ပေါ်ရွာတွေကဒေသခံတွေအနေနဲ့ ဆန်ရိက္ခာကိုအဓိကလိုအပ်နေပြီး အငတ်ဘေးကြုံနေရလို့ အာဟာရချို့တဲ့မှုနဲ့ဆက်စပ်နေတဲ့ရောဂါတွေကို ကြုံတွေ့ခံစားနေရပါတယ်။ထို့ပြင်"စားသောက်ဖို့ခက်ခဲတယ်ဆိုရင်တော့ အာဟာရချို့တဲ့တဲ့ရောဂါတွေဖြစ်နိုင်တယ်ပေါ့နော်။ အရေပြားရောဂါတွေလည်းဖြစ်နိုင်တယ်။နောက်ပြီးတော့ကိုယ်ဝန်ဆောင်တွေဆိုရင်လည်းမွေးလာရင် အာဟာရချို့တဲ့တော့ ပေါင်မပြည့်၊အာဟာရချို့တဲ့တဲ့ကလေးလေးတွေမွေးလာနိုင်၍ရွာခံများစိုးရိမ်ပူပန်နေကြပါတယ်။


news-view-count-icon

17