back

တောင်ကိုရီးယားနိုင်ငံမှာ အဝေးပြေးလမ်းဖောက်လုပ်ရေးပရောဂျက် ပြိုကျလို့အနည်းဆုံးလူလေးဦးသေဆုံး

Feb 26 • 4:04 AM

breaking-news

မြန်မာ

ပြည်ပ

cover

တောင်ကိုရီးယားနိုင်ငံမှာ အဝေးပြေးလမ်းဖောက်လုပ်ရေးပရောဂျက် ပြိုကျလို့အနည်းဆုံးလူလေးဦးသေဆုံး

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မြို့တောင်ဘက် ဧရိယာရှိ အဝေးပြေးလမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု ပြိုကျခဲ့ရာ ဖေဖော်ဝါရီ၂၅ရက်၊အင်္ဂါနေ့တွင် အနည်းဆုံး လူလ...

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်မြို့တောင်ဘက် ဧရိယာရှိ အဝေးပြေးလမ်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခု ပြိုကျခဲ့ရာ ဖေဖော်ဝါရီ၂၅ရက်၊အင်္ဂါနေ့တွင် အနည်းဆုံး လူလေးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ဆိုးလ်မြို့မှ ကီလိုမီတာ ၇၀ ခန့်အကွာ အန်ဆောင်တွင် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၉ မိနစ်က အဝေးပြေးတံတားကို ထောက်ပံ့ထားတဲ့ မီတာ ၅၀ ကွန်ကရစ်တိုင် ကရိန်းနှင့်ချိတ်ပြီး တစ်ခုဆီ တစ်ခု ပြိုကျခဲ့ခြင်းဖြစ်ပြီးပြိုကျမှုတွင် တရုတ်နိုင်ငံသား နှစ်ဦး အပါအဝင် လူလေးဦး သေဆုံးပြီး စိုးရိမ်ရသည့် အခြေအနေရှိသည့် ငါးဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်း အန်ဆောင်မီးသတ်အရာရှိ ကိုကျောင်းမန်က ပြောခဲ့သည်။အမျိုးသား မီးသတ်အေဂျင်စီက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းအတွက် ရဟတ်ယာဉ် ၃ စင်းနှင့် တာဝန်ရှိသူများ ၁၅၀ နီးပါးကို ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့ပြီး ပို့ဆောင်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူများက အခင်းဖြစ်ပွားရာသို့ စေလွှတ်ထားကြောင်း သိရပါတယ်။

news-view-count-icon

25