back

ရန်ကုန်တိုင်းသာဓုကန် စက်မှုဇုန်ရှိ အလုပ်သမား ၁၀၀၀ နီးပါး လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတွင် နားချိန်၌အနားမရဘဲ ချုပ်လုပ်နေရ

Feb 26 • 2:44 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းသာဓုကန် စက်မှုဇုန်ရှိ အလုပ်သမား ၁၀၀၀ နီးပါး လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတွင် နားချိန်၌အနားမရဘဲ ချုပ်လုပ်နေရ

အထည်ချုပ်စက်ရုံမှာ အထည်စံချိန်ပြည့်မီဖို့ နားချိန်မှာ အပြည့်အဝ အနားမရဘဲ ချုပ်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အထည်ချိန် စံချိန်မပြည့်ပါက ကြီးကြပ်ရေး ခေါင်း...

အထည်ချုပ်စက်ရုံမှာ အထည်စံချိန်ပြည့်မီဖို့ နားချိန်မှာ အပြည့်အဝ အနားမရဘဲ ချုပ်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အထည်ချိန် စံချိန်မပြည့်ပါက ကြီးကြပ်ရေး ခေါင်းဆောင်တွေရဲ့ ဖိအားပေး ပြောဆိုတာကြောင့် နားချိန်တွေမှာ မနားနိုင်ဘဲ ချုပ်လုပ်နေရတာလို့ ပြောပါတယ်။"ထမင်းစားနားချိန်က နာရီဝက်၊ ဒါပေမဲ့ ထမင်း ကိုအမြန်စားပြီး လိုင်းထဲ ပြန်ဝင်ချုပ်ရတယ်။ တချိုတွေဆို ထွက် မစား နိုင်တော့ဘူး။ မနားဘဲ ဆက်ပြီး ချုပ်ကြတာတွေလည်း ရှိတယ်။ အထည်မပေးနိုင်ရင် အပြောခံရမှာ စိုးရိမ် ကြတယ်။ တချိုခေါင်းဆောင်တွေဆို နင်တို့ မြန်မြန်စားပြီး ပြန်ဝင်ချုပ် ဆိုပြီးတောင်ပြောတယ်။ စက်ရုံက စံချိန်မတရားတောင်းတယ်။ခေါင်းဆောင်တွေကလည်း မပေးနိုင်ဘူးလို့ မငြင်းဘူး။ ပေးနိုင်တယ် ပြောပြီး စက်သမားတွေကို ဖိခိုင်းတယ် ။” လို့ အလုပ်သမားတွေက ပြောပါတယ်။

news-view-count-icon

15