back

ရန်ကုန်-နေပြည်တော်ခရီးစဉ် အမှတ် (၇အဆန်နှင့် နေပြည်တော်-ရန်ကုန်ခရီးစဉ် အမှတ်(၈)အစုန် လူစီးရထားများအား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက် ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် အစားထိုးပြေးဆွဲမည်

Feb 26 • 1:54 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန်-နေပြည်တော်ခရီးစဉ် အမှတ် (၇အဆန်နှင့် နေပြည်တော်-ရန်ကုန်ခရီးစဉ် အမှတ်(၈)အစုန် လူစီးရထားများအား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက် ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် အစားထိုးပြေးဆွဲမည်

ဖေဖော်ဝါရီ ၂၈ ရက်တွင် ရန်ကုန်-နေပြည်တော်ခရီးစဉ် အမှတ် (၇အဆန်နှင့် နေပြည်တော်-ရန်ကုန်ခရီးစဉ် အမှတ်(၈)အစုန် လူစီးရထားများအား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေ...

ဖေဖော်ဝါရီ ၂၈ ရက်တွင် ရန်ကုန်-နေပြည်တော်ခရီးစဉ် အမှတ် (၇အဆန်နှင့် နေပြည်တော်-ရန်ကုန်ခရီးစဉ် အမှတ်(၈)အစုန် လူစီးရထားများအား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက် ပါရှိသော ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့်လည်းကောင်းမန္တလေး-နေပြည်တော်ခရီးစဉ် အမှတ်(၂၈)အစုန်နှင့် နေပြည်တော်-မန္တလေးခရီးစဉ် အမှတ် (၂၇) င်္အဆန် လူစီးရထားများအား လေအိတ် ရထားတွဲဆိုင်းဖြင့်လည်းကောင်း စတင်ပြေးဆွဲမည်ဖြစ်ပါတယ်။ အဆင့်မြှင့်တင်ပြီးဖြစ်သည့် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်း၌ စတင်ပြေးဆွဲမည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွင် ပထမတန်း (၄)တွဲ၊ အထက်တန်း (၂)တွဲ စုစုပေါင်း တွဲဆိုင်း (၆)တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကာ နေပြည်တော်-မန္တလေးပြေးဆွဲမည့် လေအိတ်ရထားခရီးစဉ်အတွက် ရိုးရိုးတန်း (၄)တွဲ၊ အထက်တန်း (၂)တွဲ စုစုပေါင်း တွဲဆိုင်း (၆)တွဲဖြင့် ခရီးသည် ၃၃၀ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပါတယ်။


news-view-count-icon

33