ဖေဖော်ဝါရီ ၂၅ရက်နေ့နံနက်ပိုင်းတွင်
ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် တည်မြဲလုပ်ထုံးလုပ်နည်း (SOP) များ ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ CPU အဖွဲ့ဝင်များအနေဖြင့် မိမိတို့ဌာန၏ လုပ်ဆောင်ချက်များနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး အဂတိလိုက်စားမှုကို လျှော့ချကာကွယ်တားဆီးနိုင်ရန်အတွက် အားလုံးဝိုင်းဝန်းကြိုးစားပေးရန်ဆွေးနွေးခဲ့ပါတယ်။


