back

ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦး ဓားဖြင့်ထိုးခံရ

Feb 25 • 5:13 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦး ဓားဖြင့်ထိုးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ခေါင်းတိန် တွင် လူငယ်အုပ်စုတစ်စုသည် ကမ္ဘောဒီးယားလုပ်သားတစ်ဦးအား ဘတ် ၁၀ (အမေရိကန် ၀.၃ ဒေါ်လာ) မပေးသည့်အတွက် ဓားဖြင့်ထိုးခဲဲ့သည်ဟု သ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ခေါင်းတိန် တွင် လူငယ်အုပ်စုတစ်စုသည် ကမ္ဘောဒီးယားလုပ်သားတစ်ဦးအား ဘတ် ၁၀ (အမေရိကန် ၀.၃ ဒေါ်လာ) မပေးသည့်အတွက် ဓားဖြင့်ထိုးခဲဲ့သည်ဟု သတင်းရရှိသည်။ ဤဖြစ်စဉ်သည် ဖေဖော်ဝါရီလ ၂၄ ရက်က ခေါင်းတိန်ကျောင်းအနီးတွင် ဖြစ်ပွားခဲ့ပသည်။ ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ Wanchitchum (၂၃ နှစ်) သည် ဘယ်ဘက်နံရိုးတွင် ဓားထိုးဒဏ်ရာနှင့် ခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး၊ ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခံခဲ့ရသည်။ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုအရ၊ Wanchitchum နှင့် သူ၏သူငယ်ချင်းသည် ကုန်စုံဆိုင်သို့ စက်ဘီးဖြင့်သွားနေစဉ် လူငယ်အုပ်စုက ဘတ် ၁၀ တောင်းသည်ကို ငြင်းဆိုခဲ့သည့်အတွက် လူငယ်အုပ်စုက ထိုသို့ ကျူးလွန်ခြင်းဖြစ်ကြောင်း သိရသည်။


news-view-count-icon

22