မနက်ဖြန် ဖေဖော်ဝါရီ ၂၆ ရက်ည ၆ နာရီ ၄၅ မိနစ်၌ နီပေါ အမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းနှင့်ယှဥ်ပြိုင်ကစားရမည့် ဗိုလ်လုပွဲစဥ်အား သန့်သန့်ရှင်းရှင်းနှင့် လေးလေးစားစား ယှဉ်ပြိုင်ကစားသွားမည်ဟု မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း၏ တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းက ပြောသည်။ မတူညီသည့်အသင်းများနှင့် ကစားခွင့်ရခဲ့သဖြင့် ကျေနပ်မိပြီး ဖိုင်နယ်ပွဲအား သန့်သန့်ရှင်းရှင်းနှင့် လေးလေးစားစားယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကာ ဖိတ်ခေါ်ပေးသည့်အတွက် ကျေးဇူးတင်သည်ဟု တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းက ပြောသည်။



