လာမယ့်ရာသီသစ်မှာ ပိုကောင်းတဲ့ ရပ်တည်မှုရဖို့ မျှော်လင့်ထားတယ်လို့ စပိန်ဒရိုင်ဗာ ဖာနန်ဒို အလွန်ဆိုက ပြောကြားလိုက်ပါတယ်။ အက်ရှ်တန်မာတင်အသင်းဟာ ၂၀၂၅ ဖော်မြူလာဝမ်း ရာသီသစ်အတွက် အသင်းအုပ်ချုပ်သူနဲ့ အမှုဆောင်အရာရှိတွေကို အပြောင်းအလဲ ပြုလုပ်ထားတာဖြစ်ပြီး အသင်းရဲ့ ပြိုင်ကားသစ်ကိုလည်း သေချာ ဒီဇိုင်းဆင် ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။ အက်ရှ်တန်မာတင် အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းလိုက်ရပ်တည်မှု အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ဒရိုင်ဗာ အလွန်ဆိုကတော့ အခုရာသီမှာ ပိုမိုကောင်းမွန်တဲ့ ရပ်တည်မှုရအောင် ကြိုးစားပေးသွား မယ်လို့ ပြောထားပါတယ်။
ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ၂ ကြိမ်ရရှိထားတဲ့ အလွန်ဆိုဟာ အခုရာသီမှာ ကနေဒါဒရိုင်ဗာ လန့်စထရိုးနဲ့အတူ အက်ရှ်တန် မာတင်အသင်းအတွက် ပြိုင်ပွဲဝင်ပြိုင်မှာ ဖြစ်ပါတယ်။




