မြစ်ကြောင်းတလျောက်ရှိ စစ်ဆေးရေးအဖွဲ့များက ပို့ကုန်များကို တားဆီးထားပြီး၊ စစ်ကိုင်းတိုင်း၊ မုံရွာဆိပ်ကမ်းမှ ကလေးဝ၊ မင်းကင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီး စတဲ့ မြို့နယ်များအနေနဲ့ ကုန်စည်ပို့ဆောင်မှု အခက်အခဲများရှိနေပါတယ်။ ရေယာဥ်လုပ်ငန်းရှင်များအနေဖြင့် အိမ်သုံးဆေးဝါး၊ စက်သုံးဆီ၊ စက်ပစ္စည်းများအပါအဝင်၊ ရွေမျောလုပ်ငန်းသုံး ပစ္စည်းများကို တားဆီးမှုခံရကြောင်း ပြောကြသည်။မြစ်ကြောင်းကောင်းစွာအသုံးပြု၍ ကုန်စည်များသယ်ယူနေသော ကျေးရွာများအတွက် ယခုအခါ ပို့ဆောင်ရေး စားရိတ်များ မြင့်တက်ကာ ကုန်စည်ပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။



