ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အပါအဝင် ပအိုဝ်းအထူးဒေသ (၆) အတွင်း ပီအန်အို (PNO) က ၃၂ မျိုးသော လုပ်ငန်းများအတွက် အခွန်ဟုခေါင်းစဉ်တပ်၍ ကျပ်ဆယ်သိန်းအထိ ဆက်ကြေးကောက်သည့်စာရင်းကို ယခုလ ထုတ်ပြန်ခဲ့သည်။ အခွန်နှင့်ဆက်ကြေးပေးရန် အခွန်ဌာနများမှ တရားဝင်ကောက်ခံမှုဖြစ်စဉ်ဖြစ်သောကြောင့် ဒေသတွင်းလူထုမှာ ဆက်ကြေးပေးရန် စိုးရိမ်မှုရှိနေသလို၊ ဆက်ကြေးမပေးလျှင် ရပ်ရွာမှ မောင်းထုတ်ခြင်းနှင့် ခြိမ်းခြောက်မှုများတက်လာသဖြင့် အခွန်သက်တမ်းလိုက်စွာဆောင်ရွက်သည့်လုပ်ငန်းများထက် ပီအန်အို၏ ဆက်ကြေးကောက်မှုတွေဟာ ပိုကြီးမားလာသည်။



