ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၄ ရက်အထိ ကျားဖြန့်လုပ်ငန်းများကနေ ပြည်ပနိုင်ငံသား ၂၃၇၀ ကို ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ၆၇၃ ဦးကို ထိုင်းနိုင်ငံကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ပြီး၊ ထိန်းသိမ်းထားရသူများအနက် အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ အိန္ဒိယ၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီးယားနှင့် ထိုင်ဝမ်တို့မှလည်း လူများ ပါဝင်ကြောင်း သိရသည်။



