အင်ဒိုနီးရှားနှင့် Apple တို့သည် အင်ဒိုနီးရှားတွင် iPhone 16 စီးရီး ရောင်းချခြင်း ပိတ်ပင်ထားသည်ကို ရုပ်သိမ်းရန် သဘောတူညီမှု ရရှိခဲ့ကြပြီး ယခုသီတင်းပတ်အစောပိုင်းတွင် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ပြည်တွင်း၌ ရောင်းချသော စမတ်ဖုန်းများတွင် ပြည်တွင်းဖြစ် အစိတ်အပိုင်းများ အနည်းဆုံး ၃၅% ပါဝင်ရမည့်သတ်မှတ်ချက်ကို Apple မှ လိုက်နာခြင်းမရှိသဖြင့် ၂၀၂၄ အောက်တိုဘာလမှစ၍ အင်ဒိုနီးရှားတွင် iPhone 16 စီးရီး ရောင်းချခြင်းကို ပိတ်ပင်ထားသည်။
ယခုအခါ Apple သည် စမတ်ဖုန်းများအပါအဝင် Apple ပစ္စည်းများအတွက် အစိတ်အပိုင်းများကို အင်ဒိုနီးရှားတွင် ထုတ်လုပ်ရန် ကန်ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်။



