(ဖေဖော်ဝါရီ၂၄) ရက်နံနက်ပိုင်းတွင် မိုးရွာသွန်းစဉ် လမ်းဘေးရေမြောင်းများတွင်အမှိုက်များ၊ ရွှံနွံများ ပိတ်ဆို့နေသဖြင့် မိုးအနည်းငယ်ရွာသွန်းရုံမျှဖြင့် ဗိုလ်ချုပ်လမ်းပေါ်ရေလျှံမှု ဖြစ်ပေါ်လာခဲ့ပါတယ်။
ယမန်နှစ်၊ မိုးရာသီတွင် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့သည့်နေ့က ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၌ ယမန်နေ့က မိုးအနည်းငယ်ရွာသွန်းရုံမျှဖြင့် ရေမြောင်းများ ရေစီးရေလာပိတ်ဆို့ကာ မြို့လမ်းများ ရေလျှံခဲ့ပါတယ်။ယမန်နှစ်စက်တင်ဘာလက တာချီလိတ်မြို့ ရေကြီးရေလျှံမှုများအတွင်း လူ ၁၁ ဦးသေဆုံးခဲ့ရပါတယ်။


