တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်၌ နျူကလီးယားစွမ်းအင်စီမံချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဓာတ်ပေါင်းဖိုအသစ်ဆောက်လုပ်မှုကို တနင်္လာနေ့ကစတင်ခဲ့သည်ဟု China General Nuclear Power Group (CGN) ၏ပြောကြားချက်အရ သိရသည်။
CAP1000 ကို အသုံးပြု၍ No. 1 ဓာတ်ပေါင်းဖိုဆောက်လုပ်မှုတွင် ပြင်ပတွင် တပိုင်းစီဆောက်လုပ်ကာပြန်လည်တပ်ဆင်သော မော်ဂျူလာစနစ်၊ဒစ်ဂျစ်တယ်ဆောက်လုပ်ရေးနည်းပညာနှင့် အလိုအလျောက်ဂဟေဆော်ခြင်းစနစ်တို့ပါဝင်မည်ဖြစ်ပြီး ဤအရာများသည် လုံခြုံရေးနှင့်စီးပွားရေးထောက်ပံ့မှုကို တိုးတက်စေရန် အထောက်အကူဖြစ်စေမည်ဟုလည်းဆိုသည်။
ယခုစီမံချက်အတွက် စုစုပေါင်း ဓာတ်ပေါင်းဖိုခြောက်ခုတည်ဆောက်ရန်စီစဉ်ထားပြီးဖြစ်ကာ နံပါတ် ၅ နှင့် ၆ ဓာတ်ပေါင်းဖိုများကို ၂၀၂၂ နှင့် ၂၀၂၃ တွင် စတင်တည်ဆောက်ခဲ့သည်ဟုသိရသည်။


