မြန်မာနိုင်ငံတွင်းရှိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအဖြစ် သက်ကြီးရွယ်အိုများအတွက် လျှော့ပေါ့သက်သာခွင့် ရရှိနိုင်ရေး သက်ကြီးရွယ်အို သက်သေခံကတ်ပြား ထုတ်ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဟု လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးမှ သိရပါတယ်။ သက်ကြီးရွယ်အိုများဆိုင်ရာနည်းဥပဒေများပါ ကင်းလွတ်ခွင့်နှင့် လျှော့ပေါ့သက်သာခွင့်များကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် လုပ်ဆောင်ပေးနိုင်မည့် ဝန်ဆောင်မှုများအပေါ် ကင်းလွတ်ခွင့် သို့မဟုတ် လျှော့ပေါ့သက်သာခွင့်များအား ညှိနှိုင်းခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။



