back

မြန်မာ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတို့က နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများဆိုင်ရာ သုံးနိုင်ငံ အစည်းအဝေး တစ်ရပ်ကျင်းပမည်

Feb 25 • 5:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာ၊ ထိုင်းနဲ့ တရုတ်နိုင်ငံတို့က နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများဆိုင်ရာ သုံးနိုင်ငံ အစည်းအဝေး တစ်ရပ်ကျင်းပမည်

မြန်မာ၊ ထိုင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေဆိုင်ရာ သုံးနိုင်ငံ အစည်းအဝေးတစ်ရပ်ကို ကျင်းပသွားကြဖို့ရှိတယ်လို့ထိုင်းနိုင်ငံခြားရ...

မြန်မာ၊ ထိုင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေဆိုင်ရာ သုံးနိုင်ငံ အစည်းအဝေးတစ်ရပ်ကို ကျင်းပသွားကြဖို့ရှိတယ်လို့ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ် ပွန်ဆာကဖေဖော်ဝါရီလ ၂၄ ရက်က ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်ဆောင်ရွက်မယ့် ဒီအစည်းအဝေးမှာ အွန်လိုင်းလိမ်လည်မှုနဲ့ဖုန်းခေါ်ဆိုလိမ်လည်မှုတွေအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တိုက်ခိုက်နှိမ်နင်းဖို့ ခိုင်မာပြီး ရေရှည်တည်တံ့မယ့် မဟာဗျူဟာတွေချမှတ်သွားမယ်လို့ မာရစ်က ပြောခဲ့ပါတယ်။ သူက ဒီပြဿနာတွေကိုဖြေရှင်းနေရာမှာ အခုလိုသုံးနိုင်ငံပါဝင်တဲ့ယန္တရားက ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမယ်လို့ ပြောခဲ့ကြောင်းသိရပါသည်။


news-view-count-icon

35