ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းက ဒုက္ခသည်တွေနဲ့ ဒေသခံ ၃၇၉၇ ဦးဟာ အရေပြားယားနာရောဂါဖြစ်နေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။အရေပြားယားနာရောဂါ ဖြစ်ပွားနေသူတွေထဲမှာ အသက် ၁ဝ နှစ်အောက် ကလေးသူငယ် ခြောက်ရာ ပါဝင်ပြီး အသက် ၁ဝ နှစ်အထက်နဲ့ သက်ကြီးပိုင်းတွေကတော့ သုံးထောင်ကျော် ပါဝင်ပါတယ်။ လက်ရှိမှာတော့ ရောဂါပြန့်ပွားမှုဟာ ပိုပြီးတိုးလာနေတာကြောင့် အရေးပေါ် ဆေးဝါးအကူအညီတွေ လိုအပ်နေပါတယ်။ရခိုင်ပြည်နယ်အတွင်းက မင်းပြား၊ သံတွဲ၊ ရမ်းဗြဲနဲ့ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်တွေမှာ နေထိုင်တဲ့ ဒုက္ခသည်စခန်းတွေမှာလည်း အရေပြားရောဂါတွေ ဖြစ်ပွားနေပါတယ်။
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် လူလေးထောင်ခန့် အရေပြားရောဂါများဖြစ်ပွားနေ၍ အရေးပေါ်ဆေးဝါးအကူညီများလိုအပ်နေ
Feb 25 • 5:24 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 8 | 0 | 0 | 0 |


