မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူး၍ Burmese Golf (BG) မှ အဓိကပံ့ပိုးသော ဥက္ကဋ္ဌဖလား (President Cup) ၂၀၂၅ ဂေါက်သီးပြိုင်ပွဲ၏ ဝါသနာရှင်အဆင့်နှင့် သက်ကြီးတန်း ဝါသနာရှင်အဆင့် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း) ၌ ကျင်းပခဲ့သည်။ ဦးဝင်းလှိုင်၊ ဦးကိုကိုအေး၊ ဦးစိုး၊ ဦးအောင်ကိုဇော်၊ ဦးခင်မောင်တင့်၊ ဦးအောင်ဌေးလှိုင် တို့က ဂေါက်သီးရိုက်၍ ဖွင့်လှစ်ခဲ့ပြီး ပထမနေ့ ၁၈ ကျင်းပြိုင်ပွဲစတင်ခဲ့သည်။ ပြိုင်ပွဲတွင် ဝါသနာရှင်အဆင့် (အမျိုးသား) ၁၄၇ ဦး၊ သက်ကြီးတန်း (အသက် ၅၅ နှစ်အထက်) ၂၇ ဦး စုစုပေါင်း ၁၇၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မြန်မာဂေါက်သီးအားကစားသမားများကို နိုင်ငံတကာအဆင့်မီဖြစ်လာစေရန် ရည်ရွယ်ထားသည်။ ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄ မှ ၂၇ ရက်အထိ လေးရက်တိုင် တည်ရှိမည်ဖြစ်သည်။



