ယနေ့ ပြည်တွင်းရပ်ကွက်ဈေးများတွင် ဟင်းသီးဟင်းရွက်များဈေးကျနေသည်။ ခရမ်းချဉ်သီးတစ်ဆယ်သား ၁၀၀ ကျပ်၊ တစ်ပိဿာ ၁၀၀၀ ကျပ်အထိ ဈေးကျလာသည်။ တရုတ်ကန်စွန်းရွက်တစ်စည်း ၆၀၀ ကျပ်၊ ခရမ်းသီးတစ်လုံး ၁၀၀-၂၀၀ ကျပ်ဈေးတွင် ဈေးကျလျက်ရှိနေပါသည်။ရာသီစာများကတော့ ပုံမှန်ဈေးအတိုင်းရှိပြီး၊ မရမ်းသီးတစ်ဆယ်သား ၁၅၀၀-၁၆၀၀ ကျပ်၊ ပဒက်စာ တစ်စည်း ၂၅၀ ကျပ်၊ သရက်ကင်းတစ်ပုံ ၅၀၀ ကျပ်ဈေးများလည်း ထိုသို့ရှိသည်။ကင်မွန်းချဉ်ရွက်တစ်စည်း ၃၀၀-၄၀၀ ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်း ၂၀၀ ကျပ်၊ ကိုက်လန်ရွက်တစ်စည်း ၁၀၀၀ ကျပ်၊ ကန်စွန်းရိုးနီတစ်စည်း ၂၀၀ ကျပ်၊ သခွားသီးတစ်လုံး ၂၀၀-၃၀၀ ကျပ်၊ မုန်ညှင်းစောတစ်စည်း ၈၀၀ ကျပ်၊ မုန်ညှင်းရွက်တစ်စည်း ၃၅၀-၄၀၀ ကျပ်၊ ဖရုံညွန့်တစ်စည်း ၁၂၀၀ ကျပ်ဈေးတို့သည် ပုံမှန်ဈေးအတိုင်းရှိပါသည်။မြင်းခွာရွက်တစ်စည်း ၄၀၀ ကျပ်၊ ဆလပ်ရွက်တစ်စည်း ၄၀၀ ကျပ်၊ ဒန့်ဒလွန်ရွက်တစ်စည်း ၅၀၀ ကျပ်၊ ဂေါ်ဖီတစ်ထုပ် ၂၀၀၀-၂၅၀၀ ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့် ၁၅၀၀-၂၀၀၀ ကျပ်၊ ပူစီနံတစ်စည်း ၄၀၀ ကျပ်၊ ရှောက်ရွက်တစ်စည်း ၅၀၀ ကျပ်ဈေးတို့သည် ပုံမှန်ဈေးအတိုင်းရှိနေပါသည်။



