နိုင်ငံကျော် မင်းသားပြေတီဦးနဲ့ မင်းသမီး အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးအကြီးလေးပြေသုဒြာဟာ Social Media နဲ့ ဝေးကွာနေကြတဲ့ သူတို့မိသားစုအတွက်တော့ ပရိသတ်တွေက လွမ်းနေကြရတာပါ၊ အနုပညာလှုပ်ရှားမှုတွေလည်း ရပ်တန့်ထားသလောက် နည်းပါးနေတာကြောင့် သူတို့ရဲ့ ကြီးပြင်းလာမှု အဆက်ဆက်ပုံရိပ်လေးတွေကလည်း ပရိသတ်တွေနဲ့ ဝေးကွာနေခဲ့တာပါ။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးလေး ပြေသုဒြာကတော့ အပျိုပေါက်လေးအရွယ်ကိုရောက်ရှိလာပြီး တနေ့တခြားချောမောလှပလာတယ်လို့ ယခုလက်တလော သူတို့ရဲ့ မင်္ဂလာပွဲတက်ပုံရိပ်တွေမှာ တွေ့ရပြီး မှတ်ချက်ပေးနေကြတာလည်း ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာလက်ရှိမှာ ပြေသုဒြာအပြင် ပြေဓိရဆိုတဲ့ သားငယ်လေးတစ်ဦးကိုပါ ပိုင်ဆိုင်ထားကြတာလည်းဖြစ်ပါတယ်။



