back

မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

Feb 25 • 2:07 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

ဖေဖော်ဝါရီ ၂၀ ရက်က မြန်မာ့ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေး တိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မန္တလေးပြည်သူ့ဆ...

ဖေဖော်ဝါရီ ၂၀ ရက်က မြန်မာ့ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေး တိုးတက်စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ မန္တလေးပြည်သူ့ဆေးရုံကြီး၌ (၈၃) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။အဆိုပါကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သူ အသက် (၂၆) နှစ် ရှိ အမျိုးသားလူနာနှင့် ဇနီးဖြစ်သူ အသက် (၂၆) နှစ် ကျောက်ကပ် အလှူရှင်တို့အား ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီ ၂၂ မိနစ်တွင် စတင်ဆောင်ရွက်ခဲ့ကာ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို ပြည်သူ့ဆေးရုံများအနေဖြင့် အထူးကုဆေးရုံကြီး (ခုတင်- ၅၀၀) ရန်ကုန်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့၌လည်းကောင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။



news-view-count-icon

35