ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက တရုတ်မှာ တွေ့ရှိထားတဲ့ ကိုရိုနာ ဗိုင်းရက်စ် အသစ် ဖြစ်တဲ့ HKU5-CoV-2 ကို အတည်ပြုလိုက်ပြီး လူသားတွေမှာ ကူးစက်မှု မရှိသေးဘူးလို့ ပြောပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ အတွင်းရေးမှူး ဒေါက်တာ Opas Karnkawinpong က ဝူဟန် ဗိုင်းရက်စ် ဌာနမှ တရုတ် သုတေသနပညာရှင်တွေ တွေ့ရှိထားတဲ့ ဗိုင်းရက်စ်ဟာ Merbecovirus မျိုးစိတ်ထဲက ဖြစ်တယ်လို့ ပြောပါတယ်။"ဒါဟာ ဗိုင်းရက်စ် မျိုးစိတ် အသစ် မဟုတ်ဘဲကိုရိုနာဗိုင်းရက်စ် မိသားစုဝင် ဖြစ်ပါတယ်။ HKU5-CoV-2 ဟာ SAR-CoV-2 (Covid-19) လိုမျိုး လူသား ဆဲလ်တွေထဲကို တူညီတဲ့ နည်းလမ်းနဲ့ ဝင်ရောက်နိုင်တဲ့အတွက် နောက်ထပ် ကပ်ရောဂါ ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် HKU5-CoV-2 ဟာ လူသားတွေမှာ ကူးစက်တာ မရှိသေးပါဘူး။ အဲဒီအတွက် စိုးရိမ်စရာ မလိုပါဘူး။ “ လို့ ပြောပါတယ်။ “ HKU5-CoV-2 ဟာ မကူးစက်သေးပေမယ့် ရာသီတုပ်ကွေးနဲ့ Covid-19 လို အသက်ရှူလမ်းကြောင်းက ကူးစက်တတ်တဲ့ ရောဂါတွေလိုမျိုးပဲ ကာကွယ်ရမှာ ဖြစ်ပါတယ်။ လူများတဲ့ နေရာတွေကို ရှောင်ကြဉ်ဖို့၊ Face Mask ဝတ်ဆင်ဖို့၊ လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးကြောဖို့ လိုအပ်ပါတယ် “ ဟုဆိုပါတယ်။
Feb 25 • 1:27 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 24 | 0 | 0 | 0 |


