back

တာချီလိတ်မြို့တွင် ဆိုင်ကယ်မောင်းလာသည့် အသက်(၄၀)ကျော် အမျိုးသမီးကို ဓါးကိုင်ထားသည့် လူငယ်(၂)ဦးက လုယက်

Feb 24 • 5:05 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့တွင် ဆိုင်ကယ်မောင်းလာသည့် အသက်(၄၀)ကျော် အမျိုးသမီးကို ဓါးကိုင်ထားသည့် လူငယ်(၂)ဦးက လုယက်

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဆန်ဆိုင်း(၅)လမ်း နော်ရှဲလားဟူလိုင်းခန်းအနီး လမ်းအကွေ့ဘက်တွင် ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ည(၆)နာရီဝန်းကျင်အချ...


တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဆန်ဆိုင်း(၅)လမ်း နော်ရှဲလားဟူလိုင်းခန်းအနီး လမ်းအကွေ့ဘက်တွင် ယနေ့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ ည(၆)နာရီဝန်းကျင်အချိန်က အသက်(၄၀)ကျော် အမျိုးသမီး တစ်ဦးတည်း ဆိုင်ကယ်မောင်းလာစဉ် ဓါးကိုင်ဆောင်ထားသည့် လူငယ်(၂)ဦးသည် ဆိုင်ကယ်ဖြင့် အနောက်ကနေ လိုက်လာပြီး အမျိုးသမီးကြီးအား ရပ်တန့်ခိုင်းရာ မရပ်တန့်ပေး၍ ဆောင့်တွန်းပြီး လုယက်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။တာချီလိတ်မြို့တွင် လုယက်မှုနှင့် ဓါးပြတိုက်မှုများမှာ နေ့ရောညပါ ဖြစ်ပွားနေလျှက်ရှိသော်လည်း သက်ဆိုင်ရာများက စီမံချက်ရေးဆွဲပြီး ထိထိရောက်ရောက် နှိမ်နင်းခြင်းမရှိ၍ ဒေသခံပြည်သူများမှာ စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။



news-view-count-icon

19