ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ရောင်ရင်းတစ်ဦးဖြစ်သော ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီရှိုဂူသည် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရန် တနင်္လာနေ့တွင် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံများသို့ အလုပ်သဘောခရီးသွားရောက်ခဲ့သည်။ ခရီးစဉ်သည် ဖေဖော်ဝါရီ ၂၈ ရက်အထိ ကြာမြင့်မည်ဖြစ်သည်။ ခရီးစဉ်အတွင်း လုံခြုံရေးနှင့် ကာကွယ်ရေးအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ လက်ရှိအခြေအနေများနှင့် အခြားနယ်ပယ်များတွင် အပြန်အလှန် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ထုတ်ပြန်ထားသည်။



