လာမည့် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်း က ဒီဘရိုင်း၊ ဂရီး လစ်ချ်တို့ အပါအ၀င် ဝါရင့်ကစားသမား ရှစ်ဦးခန့်ကို ရောင်းချပြီး လူငယ်ကစားသမားများနှင့် ပြန်လည်အစားထိုးပြီး အသင်းကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ပြင်ဆင်လျက်ရှိနေကြောင်း သိရပါတယ်။ မန်စီးတီးအသင်းကို နည်းပြ ဂွါဒီယိုလာ တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက် အသင်းကိုကစားသမားကောင်းများနှင့်ဖွဲ့စည်းခဲ့ပြီး ဆုဖလား များစွာ ကို ဆွတ်ခူးနိုင်ခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီတွင် ကာလရှည်အားထားခဲ့ရတဲ့ ကစားသမားများ ခြေစွမ်းပိုင်း ကျဆင်းမှုများကြောင့် အသင်းရလဒ်ပိုင်းများလည်း ဆက်တိုက်ဆိုးရွားလာခဲ့ခြင်း ဖြစ်ပါတယ်။



