back

ပြင်သစ်မှာ နောက်ထပ်နည်းပြ အလုပ်ကိုမလုပ်ဘူးလို့ ဒီဇာဘီပြော

Feb 24 • 3:10 PM

breaking-news

မြန်မာ

ပြည်ပ

cover

ပြင်သစ်မှာ နောက်ထပ်နည်းပြ အလုပ်ကိုမလုပ်ဘူးလို့ ဒီဇာဘီပြော

မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက အော်ဇေးအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်အပြီး မှာ သူဟာ ပြင်သစ်မှာ နောက်ထပ်နည်းပြ အလုပ်ကို မလုပ်ဘူးလို...

မာဆေးလ်အသင်းနည်းပြ ဒီဇာဘီက အော်ဇေးအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်အပြီး မှာ သူဟာ ပြင်သစ်မှာ နောက်ထပ်နည်းပြ အလုပ်ကို မလုပ်ဘူးလို့ ပြောခဲ့ပါတယ်။ ဒီဇာဘီက "ကျနော်ဟာ အီတလီလူမျိုးပါ၊ မာဆေးလ်အသင်းပြီးရင် ကျနော်ဟာ ပြင်သစ်မှာ နည်းပြအလုပ်ကို မလုပ်တော့ပါဘူး။ ပြင်သစ်ချန်ပီယံရှစ်မှာ ပြဿနာရှိနေပြီး ဒီလိုဆုံးဖြတ်ချက်မျိုးကို ဒီအဆင့်မှာ ချမှတ်တာကို ပြင်သစ်လူမျိုးတွေ ပျော်ရွှင်တယ်ဆိုရင် ဒါက သူတို့အတွက် ကောင်းပါတယ်။ ဒါပေမယ့် ဒီပွဲကတော့ အရှုပ်တော်ပုံ ပါပဲ။ ဒီပွဲကို ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးဟာ သူ့ဝန်းကျင်မှာဖြစ်ခဲ့တဲ့ အငြင်းပွားမှုတွေကြောင့် ကိုင်တွယ်ရာမှာ စိတ်ထား မှန်ကန်မှုမရှိဘူး"လို့ ပြောခဲ့တာပါ။


news-view-count-icon

22