back

ဂျပန်နိုင်ငံတွင် နှင်းများ ဆက်လက်ကျမည်

Feb 24 • 2:56 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်နိုင်ငံတွင် နှင်းများ ဆက်လက်ကျမည်

ဂျပန်မိုးလေဝသအေဂျင်စီက အားကောင်းတဲ့ လေအေးထုဟာ အဓိကအားဖြင့် ဂျပန်ပင်လယ်တစ်လျှောက် Tohoku ၊ Hokuriku နဲ့ Chugoku ဒေသတွေမှာ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ တနင်္လာနေ့ ...

ဂျပန်မိုးလေဝသအေဂျင်စီက အားကောင်းတဲ့ လေအေးထုဟာ အဓိကအားဖြင့် ဂျပန်ပင်လယ်တစ်လျှောက် Tohoku ၊ Hokuriku နဲ့ Chugoku ဒေသတွေမှာ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ တနင်္လာနေ့ မနက် ၁၁ နာရီအထိ Niigata ခရိုင် Uonuma မြို့မှာ နှင်းစုပုံမှု ၃.၈၁ မီတာအထိ ရောက်ခဲ့ပါတယ်။ Yamagata ခရိုင် Ohkura ရွာမှာ ၃.၂၉ မီတာ နဲ့ Aomori ခရိုင်၊ Aomori မြို့မှာ ၁.၄၃ မီတာ ရှိပါတယ်။ အင်္ဂါနေ့ မနက်အထိ ၂၄ နာရီအတွင်း နှင်းကျမှုဟာ Niigata ခရိုင် အပြင် Hokuriku ၊ Chugoku နဲ့ Kinki ဒေသတွေမှာ ၃၀ စင်တီမီတာအထိ ရှိနိုင်ပြီး Shikoku မှာ ၂၀ စင်တီမီတာအထိ ကျမယ်လို့ တွက်ဆရပါတယ်။ ယာဉ်ကြောပြတ်တောက်တာ၊ နှင်းပြိုတာတွေအပြင် အိမ်ခေါင်မိုးတွေပေါ်က နှင်းတွေပြုတ်ကျတာ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်တာနဲ့ သစ်ပင်တွေပြိုလဲတာတွေ ဖြစ်နိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါသည်။


news-view-count-icon

21