back

ကျောက်ဆည်မြို့နယ်တွင် နွေစပါး(၁၉၉၈၀)ဧက စိုက်ပျိုးသွားမည်

Feb 24 • 12:29 PM

breaking-news

မြန်မာ

မန္တလေး

cover

ကျောက်ဆည်မြို့နယ်တွင် နွေစပါး(၁၉၉၈၀)ဧက စိုက်ပျိုးသွားမည်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ရေရရှိရေး နည်းလမ်းများအလိုက် နွေစပါးသီးနှံ (၁၉၉၈၀)ဧက လျာထားစိုက်ပျိုး သွားမည် ဖြစ...


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ရေရရှိရေး နည်းလမ်းများအလိုက် နွေစပါးသီးနှံ (၁၉၉၈၀)ဧက လျာထားစိုက်ပျိုး သွားမည် ဖြစ်ကြောင်း သိရသည်။နွေစပါးသီးနှံများစိုက်ပျိုးရာ၌ဇော်ဂျီဆည်ရေသောက်စနစ်၊ မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်း စခန်း၊ မင်းရဲမြောင်းရေဖြင့် (၁၆၆၂) ဧက၊ သင်းတွဲမြောင်းရေဖြင့် (၁၀၀၃)ဧက၊ နွားတက်မြောင်းရေဖြင့် (၁၈၉၅)ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် သင်းတွဲမြောင်းရေဖြင့်( ၃၀၀)ဧက၊ သင်းတွဲ မြောင်းရေဖြင့် (၂၆၄၀)ဧက၊ ငပြောင်မြောင်းရေဖြင့် (၁၃၂၄)ဧက၊ သင်းဒီးစိုက်ပျိုးရေး နည်းပညာပေးရှေ့တန်းစခန်းတွင် နွားတက်မြောင်းရေဖြင့် (၂၃၄၀)ဧက၊ ကင်းတားဆည် ဆည်ရေသောက်စနစ်ဖြင့် သင်းဒီးမြောင်းရေဖြင့် (၁၅၀၀)ဧက၊ ထုံးကြီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွားတက်မြောင်းရေဖြင့် (၁၉၆၀)ဧက၊ တမုတ်စိုက်ပျိုးရေး နည်းပညာပေးရှေ့တန်း စခန်းတွင် ဇီးတောမြောင်းရေဖြင့် (၄၅၀)ဧက၊ နွားတက်မြောင်းရေဖြင့်(၁၆၀၃)ဧက၊ တမုတ်မြောင်း ရေဖြင့် (၃၃၀၃)ဧက စုစုပေါင်း (၁၉၉၈၀)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။



news-view-count-icon

15