မကွေးမြို့ပေါ်စျေးတွေမှာ ခရမ်းချဥ်သီး တစ်ပိဿာကို အမြင့်ဆုံးကျပ် ၈၀၀ ကနေ အနိမ့်ဆုံးစျေး ၆၀၀ ကျပ် စျေးသာ ရှိနေတော့တာပါ။ ခရမ်းချဥ်သီးပေါ်စက တစ်ပိသာကို ကျပ်နှစ်ထောင် ကျော် စျေးရှိခဲ့ပေမယ့် စျေးက ဆက်တိုက်ကျဆင်းလာတဲ့အတွက် တောင်သူတွေ အရှုံးပေါ်နေပါတယ်။ အခုနှစ် ခရမ်းချဥ်သီး စျေးကျတာက အရင်နှစ်ကလောက်တော့ ဆိုးဆိုးရွားရွား စျေးမကျဆင်းပေမယ့် စိုက်ပျိုး စရိတ်က အရင်နှစ်တွေကထက် ပိုမိုကုန်ကျခဲ့ကြလို့ ခရမ်းချဥ်စိုက် တောင်သူအများစု အရှုံးပေါ်ခဲ့တာလို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်းမှာ အခုရာသီဟာ ခရမ်းချဥ်သီးပေါ်ချိန်ဖြစ်ပြီး မတ်လဆိုရင်တော့ ခရမ်းချဥ်သီး အထွက်နှုန်းလျော့ပြီး စျေးပြန်လည်ကောင်းလာနိုင်တယ်လို့ တောင်သူတွေက သုံးသပ်နေကြပါတယ်။



