ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများသည် မိမိတို့၏ ဥယျာဉ်ခြံများအတွင်းတွင် ဆူးပုတ်ပင်များ စိုက်ပျိုးပြီး တစ်ချို့ဆူးပုတ်ပင် များမှာ သဘာဝအတိုင်း ပေါက်ရောက်လျက် ရှိသည်။ ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန်သင့်လျော်ပြီ ဖြစ်သည့် ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်များကို ဒေသခံပြည်သူများက လိုက်လံဆွတ်ခူး ရောင်းရာတွင် ဈေးကောင်းရရှိကြောင်း သိရသည်။ဆူးပုတ်ရွက်သည် လူအများကြိုက်နှစ်သက်သည့် အသီးအရွက်များတွင် တစ်ခု အပါဝင်ဖြစ်ပြီး ပေါ်ဦးပေါ်ဖျားဆူးပုတ်ရွက်တစ်စီးလျှင် ကျပ် (၁၅၀၀)အထိရရှိသည့် အတွက် ဒေသခံပြည်သူများခူးယူပြီး သံတောင်ကြီးမြို့ပေါ်တွင်သာ လိုက်လံရောင်းချကြကြောင်းသိရသည်။



