လီဗာပူးလ်အသင်းဟာ မန်စီးတီးအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် တောင်ပံကစားသမား ဆာလက်က အသင်းရဲ့ခေတ်သစ် ဂန္ထဝင်တွေအတွက် နောက်ထပ်ဆုဖလား လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ဆာလက်က “ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလား ရယူဖို့နီးစပ်နေပြီလို့ ကျနော် မပြောပါဘူး။ သေချာတာ ကတော့ ကျနော်တို့အတွက် နောက်ထပ်ဆုဖလား လိုအပ်ပါတယ်။ ကျနော်နဲ့ အသင်းမှာရှိတဲ့ ကစားသမားကြီး တွေအတွက် ကျနော်တို့ နောက်ထပ်ဆုဖလား လိုအပ်ပါတယ်။ ဒီအတွက် ကျနော်တို့ အကောင်းဆုံး လုပ်ဆောင် သွားမှာပါ”လို့ ပြောခဲ့ပါတယ်။



