ဖေဖော်ဝါရီလ တတိယပတ်အတွင်း ရန်ကုန်စတော့အိတ်(စ)ချိန်း (YSX) မှာ ကျပ် ၆၅.၈၈၀ သန်းတန်ဖိုးရှိတဲ့ ရှယ်ယာအစောင်ရေ ၂၀၀၇၈ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒုတိယပတ် အရောင်းအဝယ်ဖြစ်မှုထက် ရှယ်ယာ ၁၄၅၀၀ စောင်၊ တန်ဖိုးအားဖြင့် ကျပ် ၅၂ သန်းကျော် လျော့ကျသွားပါတယ်။ စာရင်းဝင်ကုမ္ပဏီတွေထဲမှာ MTSH PCL အနေနဲ့ ရှယ်ယာ ၉၂၅၅ စောင်၊ တန်ဖိုးအားဖြင့် ကျပ် ၂၇.၃၁၈ သန်းနဲ့ ရှယ်ယာဝယ်ရောင်းအများဆုံးကုမ္ပဏီ ဖြစ်ခဲ့ပါတယ်။



