ဖေဖော်ဝါရီ (၂၈) ရက်မှ စတင်၍ ရန်ကုန် - နေပြည်တော် - မန္တလေး - ရန်ကုန် ရထားလမ်းပိုင်း၌ ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။အဆိုပါ ခေတ်မီ DEMU ရထားတွဲဆိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်အထိ စတင်စမ်းသပ်ပြေးဆွဲသည့် ခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ (၂၁) ရက် ၊ နံနက် (၈) နာရီတွင် နေပြည်တော်ဘူတာကြီးမှ စတင်ထွက်ခွာခဲ့ပြီး မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၅ (MSME) နေပြည်တော်သို့ တက်ရောက်လာကြသည့် ကုမ္ပဏီအဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂလိကလုပ်ငန်းရှင်များအပါအဝင် ခရီးသွားပြည်သူ (၁၃၀)လိုက်ပါစီးနင်းခဲ့ကြကြောင်း သိရသည်။ရန်ကုန်ဘူတာသို့ မွန်းလွဲ (၁) နာရီ ၊ မိနစ် (၅၀) တွင် ရောက်ရှိပြီးခရီးသွားချိန် (၅) နာရီ မိနစ် (၅၀) ကြာမြင့်ကြောင်း သိရသည်။



