ယူကရိန်းနိုင်ငံကို ရုရှားက မောင်းသူမဲ့လေယာဉ် ၂၆၇ စင်းကိုညတွင်းချင်း လွှတ်တင်ပျံသန်းတိုက်ခိုက်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ကျူးကျော်မှုနောက်ပိုင်းတွင် စံချိန်တင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ယူကရိန်းလေတပ်က ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ ယူကရိန်းကောင်းကင်ယံ ထက်တွင် တွေ့ရှိခဲ့သည့် ဒရုန်း ၂၆၇ စင်းသည် တစ်ကြိမ်တည်း တိုက်ခိုက်မှုအတွက်အများဆုံး စံချိန်သစ် ဟုပြောဆိုခဲ့သည်။ ထိုတိုက်ခိုက်မှုသည် ခန့်မှန်းအားဖြင့် ကျူးကျော်မှုစတင်ခဲ့သည့် သုံးနှစ်အတွင်း အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်သည်ဟုပြောခဲ့သည်။၎င်းဒရုန်းများအနက် ၁၃၈ စင်းကို လေကြောင်းရန် ကာကွယ်ရေးမှ ကြားဖြတ်တိုက်ခိုက်ဖျက်ဆီး ဟန့်တားနိုင်ခဲ့ပြီး ၁၁၉ စင်းမှာ ထိခိုက်မှုမရှိဘဲ ပျောက်ဆုံးသွားခဲ့ကြောင်းသိရသည်။



