မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြားယဉ်ကျေးမှုဆိုင်ရာထိတွေ့ဆောင်ရွက်မှုနှင့်အတွေ့အကြုံဖလှယ်မှုများမှတစ်ဆင့်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုမြှင့်တင်သွားနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြို့မှအိန္ဒိယသံရုံးသည် ရန်ကုန်မြို့ရှိအိန္ဒိယနွယ်ဖွားအမျိုးသမီးများအသင်းနှင့်မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက်တို့နှင့်ပူးပေါင်း၍ “Mekong-Ganga Food Festival” ပွဲတော်ကို ယမန်နေ့မွန်းလွဲပိုင်းတွင်ရန်ကုန်မြို့သိမ်ဖြူလမ်းရှိယခင်ဝန်ကြီးများရုံး၌ကျင်းပရာဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။



