မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ နွေရာသီသောက်သုံးရေ ပြတ်လပ်မှုတွေ စတင်ဖြစ်ပေါ်လာတာကြောင့် နီးစပ်ရာ မီးသတ်ရေသယ်ယာဉ်တွေနဲ့ အရပ်ဘက် ရေအလှူကားတွေကို မှီခိုလာရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်အတွင်းက ကန်စောင့်ရွာနဲ့ ပျဉ်ချောင်းရွာရှိ စုစုပေါင်း အိမ်ထောင်စု ၅၀၀ ကျော် ခန့်မှန်းလူဦးရေ ၁၈၀၀ လောက်မှာ သောက်ရေပြတ်လပ်လာကြောင်း အကူအညီတောင်းလာခဲ့ကြပါတယ်။နယ်မြေခံ စဥ့်ကူမီးသတ်အဖွဲ့က ရေသယ်ယာဉ် ၂ စီးနဲ့ ဖေဖော်ဝါရီ ၂၃ ရက်၊ မနက် ၉ နာရီလောက်မှာ သွားရောက်ကူညီလှူဒါန်းခဲ့တယ်လို့ ရေကူညီရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။လတ်တလော ရွာ ၂ ရွာအတွက် ရေဂါလန် ၆၄၀၀ အထိ အခမဲ့ လှူဒါန်းပေးနိုင်ခဲ့ပေမဲ့ ပူပြင်းရာသီမှာ ကန်ရေတွေ ခန်းခြောက်လွယ်တာကြောင့် တခြားရွာတွေမှာပါ သောက်သုံးရေ ဆက်လက်လိုအပ်နေပါတယ်။ရေရှားပါးနေတာကြောင့် ပြင်ပအရပ်ဘက်ရေသယ်ယာဉ် တစီးကို ကျပ်ငွေ ၅၀,၀၀၀ ကနေ ၈၀,၀၀၀ ကြားအထိ ပေါက်ဈေးရှိနေတယ် လို့လည်းသိရပါတယ်။



