နေပြည်တော်ရှိ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (အေလာ) ဝန်ထမ်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါသုတေသနဌာန၌ ကျင်းပသည်။ထိုကဲ့သို့ ဝန်ထမ်းများ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စုပေါင်းဆင်နွှဲနေမှုကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ကြည့်ရှုအားပေးခဲ့သည်။ပြိုင်ပွဲအပြီးတွင် ဒုတိယဝန်ကြီးက ဆုရရှိသည့်အသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။



