သစ်စေး သရိုးနဲ့လုပ်တဲ့ မြန်မာမှုစေတီ၊ ပုထိုး၊ ဇရပ်တန်ဆောင်း ပုံစံငယ်တွေပြုလုပ်တဲ့ အလုပ်ကို ဦးမြကို စတင်လုပ်ကိုင်ဖြစ်တာ လွန်ခဲ့တဲ့ ခြောက်နှစ်ကပါ။အဲ့ဒီမတိုင်ခင်ကတော့ ရွှေတီဂုံစေတီတော်ရဲ့ ဘုရားတန်ဆောင်းမှာ ဘာသာရေးဆိုင်ရာ ဗိသုကာပညာရပ်ကို အခြေခံတဲ့ လုပ်ငန်းနဲ့ အသက်မွေးပါတယ်။သူအဓိက အပိုင်နိုင်ဆုံးအပိုင်းက သစ်စေးနဲ့ သရိုးကိုင်တာလို့ သိရပါတယ်။လက်ရှိမှာတော့ ဦးမြကိုက မြန်မာပြည်အနှံ့ တန်ခိုးကြီးဘုရားနဲ့ သမိုင်းဝင် သာသနာ့အဆောက်အဦ အမျိုးမျိုးကို ပုံစံငယ် အနုစိတ်ပုံဖော် လုပ်ဆောင်ပေးပြီး၊ လက်ဆင့်ကမ်း ပညာအမွေလည်းပေးချင်နေတာဖြစ်ပြီးမြန်မာမှု ဗိသုကာပုံစံငယ်တွေက သစ်စေးသုံးရတာမို့ အရေပြားဓာတ်မတည့်မှုကလည်း ထိုလုပ်ငန်းခွင်ရဲ့ တပည့်လက်သားရှားပါးစေသလို ပညာရှင်ကြေးထိုက်ထိုက်တန်တန် မရရှိသေးတဲ့အတွက် သူတို့တုန်းကလို ပညာလည်းပေး နေထိုင်ကျွေးမွေးစရိတ်ခံဖို့ သူ့မှာ အခက်အခဲတချို့ ရှိနေသေးတယ်လို့ ဆိုပါတယ်။



