back

ကန့်ဘလူမြို့၌ပြုလုပ်သည့် အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်း ပထမရက်တွင် မျက်စိဝေဒနာရှင် ၅၂၂ ဦးကို စစ်ဆေးစမ်းသပ်ကုသပေးခဲ့

Feb 23 • 3:32 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကန့်ဘလူမြို့၌ပြုလုပ်သည့် အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်း ပထမရက်တွင် မျက်စိဝေဒနာရှင် ၅၂၂ ဦးကို စစ်ဆေးစမ်းသပ်ကုသပေးခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများကုသပေးခြင်း ပထမရက်ဖြစ်သည့် ...


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သည့် အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများကုသပေးခြင်း ပထမရက်ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်တွင် မျက်စိဝေဒနာရှင် ၅၂၂ ဦးကို စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။အဆိုပါ အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများကုသပေးခြင်းအား ကန့်ဘလူမြို့၌အခြေပြုပြီး ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများကို ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၇ အထိ (၅)ရက်ကြာ အခမဲ့ကုသပေးသွားမည်ဖြစ်သည်။




news-view-count-icon

19