မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မန္တလာသီရိဘောလုံးကွင်းအနီးရှိ မင်္ဂလာမန္တလေး Walking Street - Mandalay Square Promotion Areaမှာ ဖေဖော်ဝါရီ ၂၁ရက် မှ ၂၃ရက်ထိ မင်္ဂလာမန္တလေး (၁၀)နှစ်ပြည့်ပွဲကို ကျင်းပခဲ့ပြီး ဖေဖော်ဝါရီ ၂၃ရက် ညနေပိုင်းမှ မင်္ဂလာမန္တလေး (၁၀)နှစ်ပြည့်ပွဲအခမ်းအနားကျင်းပခဲ့ပါတယ်။ဒါအပြင် နိုင်ငံကျော်တေးသံရှင်များဖြစ်ကြသော Bobby Soxer, So အိမ့်ချစ်, ရဲလေး, Yung Hugo, Jason Ace, ခိုင်မြဲသစ္စာ, ချစ်ဇွဲသာ, ရဲရဲသဏ္ဍာန်, ယံယံ, ပိုင်ပိုင်, မိုင်းမိုင် တို့၏ သီဆိုဖျော်ဖြေမှုများ ၊ Bees Poison Dancer Group Merrnix Dancer Group အကများနှင့်အတူ မင်္ဂလာမန္တလေးဧရိယာတိုင်းရှိ လမ်းတိုင်းတွင်လည်း မတူညီသော Activities များစွာ ပါဝင်ပြီး အခြားစိတ်လှုပ်ရှားဖွယ် အစီအစဉ် ကောင်းများစွာဖြင့် စီစဉ်တင်ဆက်ခဲ့ပါတယ်။



