၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၂)ရက်နေ့ ည(၉)နာရီ ဝန်းကျင်အချိန်က မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ အထက(ဟောင်လိတ်)ကျောင်းရှေ့တွင် သစ်သီးရောင်းနေသည့် အမျိုးသမီးအသက်(၃၄)နှစ်ဝန်းကျင်ရှိ မအိထံမှ အမည်မသိ လူငယ်(၂)ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ရွှေဆွဲကြိုး လုယက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် မအိ၏ ရင်ဘတ်တွင် ထိမှန်သွား၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။



