နိုင်ငံပေါင်း (၁၄)နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်နေသည့် အာရှမြင်းစီးအားကစားအဖွဲ့ချုပ် မြင်းစီးတန်းခုန်ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ကစားသမား ကျော်ဝဏ္ဏအောင် အဆင့်(၇)ရရှိခဲ့ကြောင်း သိရသည်။ပြိုင်ပွဲတွင် နိုင်ငံပေါင်း (၁၄)နိုင်ငံအနက် အီရန် (ပထမ)၊ အင်ဒိုနီးရှား (ဒုတိယ)တရုတ် (တတိယ)ဆုများ အသီးသီးရရှိခဲ့ကြသည်။ပြိုင်ပွဲအား ထိုင်းနိုင်ငံ၊ ပတ္တယားမြို့၌ဖေဖော်ဝါရီ(၂၀)ရက်မှ (၂၂)ရက်အထိ Asian Equestrian Federation Cup CSIY-B Pattaya 2025 ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။



