ရှမ်းပြည်နယ် တောင်ပိုင်းရှိ မြို့နယ်တချို့တွင် ယခုနှစ် အိမ်ခြံမြေဈေးကွက်သည် အရောင်းသာရှိပြီး အဝယ်အေးနေသေးကြောင်း အကျိုးဆောင်များက သိရသည်။ အဝယ်အေးနေသော်လည်း ကလောမြို့တွင် အိမ်ခြံမြေဈေးနှုန်းများသည် ရန်ကုန်နှင့် မန္တလေးမြို့များနှင့် ဆင်တူနေပြီး ကလောရဲ့ မြေဈေးသည် တက်မြန်လာနေကြောင်း ပြောဆိုခဲ့သည်။



