ရှမ်းပြည်နယ်တောင်ပိုင်း ၊တောင်ကြီးမြို့တွင်မိုဘိုင်း ငွေပေးချေ app တစ်ခု ဖြစ်သည့် Kpay ဖြင့် ငွေကြေး လိမ်လည်မှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ဘဏ်မှ တာဝန်ယူ ဖြေရှင်းပေးမှု မရှိဖြစ်နေကြောင်း သုံးစွဲသူများထံမှ သိရပါတယ်။ဟိုတယ်တခုတွင် ဧည့်ကြိုကောင်တာကိုဖုန်းဆက်ပြီး ၁၀၁ အခန်းကဟုဆိုကာ အရေးကြီး Kpay တစ်သိန်းခွဲ လိုနေ၍ ခဏ စိုက်လွှဲထားပေးရန် ပြီးမှ အခန်းတွင် လာယူပါဟုပြောကာ လွှဲပေးပြီးမှ အခန်းသို့ သွားတောင်းရာထိုအခန်းက ဧည့်သည်မဟုတ်ကြောင်း ပြောမှ အလိမ်ခံရမှန်းသိခြင်းလည်းဖြစ်ပွားခဲ့သည်။ဖုန်းအပ်ပလီကေးရှင်းများမှ တစ်ဆင့်ဖုန်းနှင့် အကောင့် ဟတ်ခံလိုက်ရပြီး ၊ မိမိ ဖုန်းအတွင်းရှိ မိုဘိုင်းဘဏ် Kpay အစရှိသော ငွေကြေးများကို ထုတ်ယူမှုများလည်း ဖြစ်ပွားနေပါတယ်။
Feb 23 • 6:49 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


